ပန်းပျိုးလက်ဖောင်ဒေးရှင်း (PPLF) သည် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ကစားခြင်းနေ့ကို အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် ဘေးကင်းလုံခြုံသောနေရာ (SSWC) တွင် ကျင်းပခဲ့ပြီး၊ ကစားနည်းမျိုးစုံ၊ သင်ယူမှုများနှင့် ပျော်ရွှင်စရာ လှုပ်ရှားမှုများမှတစ်ဆင့် ကလေးငယ်များအတွက် ပျော်ရွှင်စရာနေ့ရက်တစ်ရက်ကို ဖန်တီးပေးခဲ့ပါသည်။
ဤလှုပ်ရှားမှုသည် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှုနှင့် သိမြင်နားလည်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရာတွင် ကစားခြင်း၏ အရေးပါပုံကို ပေါ်လွင်စေခဲ့သည်။ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရသော လှုပ်ရှားမှုများမှတစ်ဆင့် ကလေးငယ်များအနေဖြင့် ဘေးကင်းလုံခြုံပြီး ကလေးသူငယ်များနှင့် သင့်လျော်မည့် ပတ်ဝန်းကျင်တစ်ခုတွင် မိမိကိုယ်ကိုယ် ရှာဖွေဖော်ထုတ်ရန်၊ သင်ယူရန်နှင့် လွတ်လပ်စွာ ဖော်ပြနိုင်ရန် အားပေးမြှင့်တင်ပေးခဲ့ပါသည်။ ကလေးသူငယ်များ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကတိကဝတ်ပြုထားသည့်အတိုင်း၊ PPLF သည် ကစားခြင်းကို ကလေးတိုင်း၏ အခြေခံအခွင့်အရေးတစ်ခုအဖြစ်လည်းကောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေး (ECCD) ၏ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုအဖြစ်လည်းကောင်း အသိအမှတ်ပြုထားပါသည်။ ယခုကဲ့သို့ ကျင်းပခြင်းဖြင့် SSWC ရှိ ကလေးငယ်များအတွက် အဓိပ္ပာယ်ရှိသော ကစားခြင်းအတွေ့အကြုံများကို ခံစားရရှိစေရုံသာမက၊ ကလေးငယ်များ သင်ယူရန်၊ ကြီးထွားရန်နှင့် အောင်မြင်ဖြစ်ထွန်းရန်အတွက် ကစားခြင်းက မည်မျှအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို အသိပညာပေးရာတွင်လည်း အခွင့်အလမ်းကောင်းတစ်ခု ဖြစ်စေခဲ့ပါသည်။
PPLF အနေဖြင့် ဤထူးခြားဆန်းပြားသော နေ့ရက်ကို ဂုဏ်ပြုမှတ်တမ်းတင်ခွင့်ရသည့်အတွက် ဝမ်းမြောက်မိပြီး၊ ကလေးငယ်များနှင့် မိသားစုများ၏ လူနေမှုဘဝသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးမည့် အစပြုလုပ်ဆောင်ချက်များကို ဆက်လက်ပံ့ပိုးကူညီသွားရန် ဆန္ဒပြုထားပါသည်။