ပန်းပျိုးလက်ဖောင်ဒေးရှင်း၏ ကြီးမှူးမှုဖြင့် 👩🏫 မူကြိုဆရာမများအတွက် “ကလေးသူငယ်များအတွက် အရေးပေါ်ပြုစုစောင့်ရှောက်မှု” သင်တန်းကို ကျင်းပခဲ့ပါသည်။
ဤသင်တန်းသည် မူကြိုဆရာမများအား မိမိတို့ စောင့်ရှောက်ရသော ကလေးသူငယ်များတွင် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာသည့်အခါ တုံ့ပြန်နိုင်ရေး၊ အခြေခံပြုစုနည်းလမ်းများနှင့် အသက်ကယ်ရေးဆိုင်ရာ အတတ်ပညာများကို နားလည်ကျွမ်းကျင်စေရန် ရည်ရွယ်ပါသည်။
ကျောင်းပတ်ဝန်းကျင်အတွင်း ကလေးများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် အရေးကြီးသော အခြေခံအတတ်ပညာများကို မူကြို ဆရာ/ဆရာမများထံသို့ ပေးပို့နိုင်ခဲ့ခြင်းအပေါ် ပန်းပျိုးလက်ဖောင်ဒေးရှင်းမှဝမ်းမြောက်မိပါသည်။