မိဘပညာပေးအစီအစဉ် "Parenting Education Program"
Early Childhood Care, Development, and Education (ECCD & ECCE)
PLAN Myanmar ၏ ပံ့ပိုးကူညီမှုဖြင့် Australian Woodside ကုမ္ပဏီမှ ရန်ပုံငွေဖြင့် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် ရှေးဦးကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (ECCD) စီမံကိန်း ကို ကျေးရွာ (၅၀)တွင် အကောင်အထည်ဖော်ခဲ့ပါသည်။ ဤစီမံကိန်းကို "ကျန်းမာ ကြံ့ခိုင်၊ ပျော်ရွှင်ထက်မြက်၊ ဘေးကင်းလုံခြုံ" ဆောင်ပုဒ်ဖြင့် လုပ်ဆောင်ပါသည်။ (စီမံချက်- ၂၀၁၇-၂၀၂၃)
"With the support of PLAN Myanmar and funding from the Australian Woodside Company, the ECCD project was effectively implemented in theTar Paung Region, Ayeyarwady Division, covering 50 villages. We carried out this project with the motto of “Healthy, Happy and Safety” (2017-2023)"
ကစားဝိုင်းအစီအစဉ်
"Play Group Program"
ရပ်ရွာအခြေပြု မူကြိုကျောင်းအစီအစဉ်
"Community based preschool program"
ကစားစရာပြုလုပ်ခြင်း
"Toy Making Activities"
Early Childhood Care, Development, and Education (ECCD & ECCE)
Children to Children Approach
Open Society Myanmar (OSM) မှထောက်ပံ့သော ရံပုံငွေဖြင့် 'ကလေးမှ ကလေးသို့ ချဥ်းကပ်နည်း' အစီအစဥ်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် အကောင်အထည်ဖော်လုပ်ဆောင်ခဲ့သည်။ ဤစီမံကိန်းသည် ဝေးလံ ခေါင်သီသောဒေသရှိ အသက် (၈) နှစ် မှ (၁၃) နှစ်ကြား ကလေးငယ်များကို ဦးတည်ပြီး ၎င်းတို့၏ ညီငယ်/ညီမငယ်လေးများကို ပြုစုစောင့်ရှောက်တတ်ရန် လုပ်ဆောင်ပေးသော အစီအစဥ်ဖြစ်သည်။
" The Child to Child approach program was implemented with funding from Open Society Myanmar in Phekone, Southern Shan State. This initiative's objective was to provide training to children aged 8 to 13 in remote and challenging areas, with a focus on equipping them with skills to care for their younger siblings. "
Psychosocial Support
ကလေးများ၏ လူမှုစိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်မှုအတွက် မိဘပညာပေးအစီအစဉ်နှင့် ကစားဝိုင်း (Play Group) အစီအစဉ်
သြစတြေးလျသံရုံး၏ ပံ့ပိုးကူညီမှုဖြင့် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်း (၁၆)ခုတွင် "ကလေးများ၏ လူမှုစိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်မှုအတွက် မိဘပညာပေးအစီအစဉ်နှင့် ကစားဝိုင်း (Play Group) အစီအစဉ်"များကို ၂၀၁၇-၂၀၁၉ ခုနှစ်များအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
" With the support of the Australian Embassy, "Parent Education and Play Group Program for Children's Social Emotional Development" were implemented in 16 IDP camps located in Northern Shan State and Kachin State during 2017-2019. "
Climate Change and Sustainable Development
ထိခိုက်လွယ် ကလေးနှင့် မိသားစု များအပေါ် ရာသီဉတု ပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှု
ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် 'ထိခိုက်လွယ် ကလေးနှင့် မိသားစု များအပေါ် ရာသီဉတု ပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှု' လေ့လာမှုကို ၂၀၁၉ ခုနှစ် ဇွန်လတွင် ပြုလုပ်ခဲ့သည်။
" In June 2019, a study on ‘Effects of Climate Change on Vulnerable Children and Families’ was conducted in Irrawaddy and Yangon Region. "
Social Protection and Empowerment
အစောပိုင်း စာတတ်မြောက်မှုနှင့် ဘာသာစကားဖွံဖြိုးမှု
MASHAV Grant (2020-2021) ကို အစ္စရေးသံရုံးမှတဆင့် "အစောပိုင်း စာတတ်မြောက်မှုနှင့် ဘာသာစကားဖွံဖြိုးမှု" အစီအစဉ်ကို တိုင်းရင်းသား အဖွဲ့ (၃၈)ဖွဲ့နှင့် အကောင်အထည်ဖော်ခဲ့ပါသည်။
" The MASHAV Grant (2020-2021) was implemented in collaboration with 38 ethnic groups by the Embassy of Israel with the aim to focus on the “Early Literacy and Language Development” program. The program aims to promote literacy and language development in early stages of life. "
Early Child Care and Comprehensive Development
အစောပိုင်း ကလေးသူငယ်ပြုစုပျိုးထောင်ခြင်းနှင့် ဘက်စုံဖွံ့ဖြိုးမှု
"အစောပိုင်း ကလေးသူငယ်ပြုစုပျိုးထောင်ခြင်းနှင့် ဘက်စုံဖွံ့ဖြိုးမှု" သင်တန်းများကို NGO၊ INGO နှင့် အစိုးရ အဖွဲ့အစည်းနှင့် ဘာသာရေးအခြေပြု အဖွဲ့အစည်းများအတွက် နည်းပညာဆိုင်ရာပံ့ပိုးခြင်းနှင့် တိုင်ပင်ဆွေးနွေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါသည်။ "
" We offer technical support, consultancy services, and training programs focused on "Early Child Care and Comprehensive Development" to non-governmental organizations (NGOs), international non-governmental organizations (INGOs), government entities, and faith-based organizations."
Study on ECCD Policy and Related Laws
ECCD မူဝါဒနှင့် ဆက်စပ် ဥပဒေဆိုင်ရာ လေ့လာမှု
ECCD ပညာရှင်များ၊ မူကြို ဆရာမများ၊ ECCD နည်းပညာကျွမ်းကျင်သူများ၊ ပုဂ္ဂလိက ကဏ္ဍများတွင် မူကြိုတည်ထောင်သူများ၊ NGO မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အစီအစဥ်ကို Open Society Foundation ၏ ပံ့ပိုးမှုဖြင့် ၂၀၂၀ ခုနှစ်တွင် လုပ်ဆောင်ခဲ့ပါသည်။
In 2020, a study titled ‘ECCD policy and related legal study’ was conducted with the active involvement of multiple stakeholders. These included NGO partners, ECCD professionals, preschool teachers, ECCD technical experts, and private sector preschool founders. "
Study Report on Understanding and Application ECCD Policy Straties and plan (PDF )
Gender and Social Inclusion
ဂျဲန်ဒါနှင့်မွန်မြတ်သောခွန်အား အမြင်ဖွင့်သင်တန်း
ပန်းပျိုးလက်၏ စီမံကိန်းဝန်ထမ်းများအတွက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဂျဲန်ဒါဆိုင်ရာသဘောတရားအမြင်များ ထည့်သွင်းလုပ်ဆောင်လာနိုင်ရန် “ဂျဲန်ဒါနှင့်မွန်မြတ်သောခွန်အားအမြင်ဖွင့်သင်တန်း “Gender and Positive Masculinity Awareness Training”သင်တန်းကို ပြုလုပ်ရာတွင် သင်္ဂဟဂျဲန်ဒါအဖွဲ့အစည်းမှ နည်းပညာနှင့် ပံ့ပိုးကူညီပေးခဲ့ပါသည်။
The Pann Pyoe Lett Foundation conducted a 'Gender and Positive Masculinity Awareness Training' for its project staff. The training aimed to integrate gender perspectives into their project activities and was technically supported and facilitated by the Thingaha Gender Organization.
Women Empowerment
အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ရေး
အနာဂတ်ကို ဦးဆောင်မည့် စွမ်းရည်ပြည့်ဝသော မြန်မာအမျိုးသမီးငယ်များ (GLEAM)စီမံကိန်းအတွက် ပန်းပျိုးလက်ဖောင်ဒေးရှင်းမှ ဝန်ထမ်းများသည် Maple အထည်ချုပ်စက်ရုံမှ အမျိုးသမီးငယ်များ၊ မိခင်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် တွေ့ဆုံကာ၊ ၎င်းတို့၏ ဘဝအိပ်မက်များ၊ အာဟာရဆိုင်ရာကျန်းမာရေးဗဟုသုတ နှင့် ကလေးပြုစုပျိုးထောင်ခြင်း စသည့် ကဏ္ဍများအပြင် စွမ်းဆောင်ရည်များ မြှင့်တင်ရန်အတွက် လိုအပ်သည့် သင်တန်းများကိုပါ အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။
Staff members from the Pann Pyoe Lett Foundation (PPLF) for the Girls Leadership Empowerment for Advancement in Myanmar(GLEAM) project met with young women, mothers, and pregnant mothers from the Maple Garment Factory. They discussed in detail topics such as their life aspirations, health & nutritional knowledge, and parenting & child-care, as well as the necessary training to enhance their capabilities.