Our Vison: ကျွန်ုပ်တို့၏မျှော်မှန်းအနာဂတ်
ပန်းပျိုးလက်ဖောင်ဒေးရှင်းသည် ရှေးဦးအရွယ်ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးပြီး၊ ကောင်းမွန်သည့် လူမှုဝန်းကျင်တွင် ရှင်သန်ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် အရင်းအမြစ်အဖြစ်နှင့် တက်ကြွစွာ ဦးဆောင် လုပ်ကိုင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
Pann Pyoe Lett Foundation is the resource and actively leading organization for early childhood all-round development and thriving in the good social environment.
Our Mission: ကျွန်ုပ်တို့၏ ခံယူရပ်တည်ချက်
မွေးစမှ ရှစ်နှစ်အရွယ်အထိ ရှေးဦးအရွယ်ကလေးသူငယ်များ အရည်အသွေးပြည့်ဝသည့် ပြုစုပျိုးထောင်မှုကို ရရှိရန်နှင့် ကောင်းမွန်သည့်လူမှုဝန်းကျင်တွင် ရှင်သန်ဖွံ့ဖြိုးတိုးတက်နိုင်ရန် ပန်းပျိုးလက်ဖောင်ဒေးရှင်းသည် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိူမှုပြုစုပျိုးထောင်ရေးနှင့် စပ်လျဉ်းပြီး အားပေးထောက်ခံမှု ရရှိရန် စည်းရုံး လှုံ့ဆော်ခြင်း၊ သက်ဆိုင်သူများအား စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ ပြည်တွင်းပြည်ပ မိတ်ဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ နည်းပညာပံ့ပိုးမှုနှင့် ရပ်ရွာအခြေပြု ECCD အစီအစဉ်များ အပါအဝင် ဝန်ဆောင်မှုများ ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်။
Pann Pyoe Lett Foundation is doing advocacy, building the capacity, linking with the partner organizations from in-side and out-side the country, and providing technical support and services including community based ECCD programs with the aim for children (from conception to 8 years old) to get quality care and thrive in a good social environment.
Our Motto: ကျွန်ုပ်တို့၏ဆောင်ပုဒ်
"ကလေးသူငယ် ဖွံ့ဖြိုးဖို့ နည်းပညာနဲ့ပံ့ပိုးစို့။"
PPLF: Technical Support to ECCD
Our Value: ကျွန်ုပ်တို့၏ တန်ဖိုးထားမှုများ
· ကလေးအခွင့်အရေး (Child Rights)
· ချစ်ခြင်းမေတ္တာနှင့် ကရုဏာ (Love and Compassion)
· တန်းတူညီမျှမှုနှင့် သာတူညီမျှမှု (Equality and Equity)
· ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု (Transparency and Acountablity)
· ကတိကဝတ် (Commitment)
ပန်းပျိုးလက်ဖောင်ဒေးရှင်း၏ နောက်ခံသမိုင်း :
မြန်မာနိုင်ငံ၏ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေး (Early Childhood Care and Development - ECCD) နည်းပညာကို ၁၉၉၇ ခုနှစ်မှစ၍ အစပျိုးမိတ်ဆက်ကာ အထိရောက်ဆုံးအကျိုးပြုပေးခဲ့သူဖြစ်သည့် Mrs. Alice Mundhenk သည် ၂၀၁၃ တွင် ကွယ်လွန်သွားသည့်နောက် သူ၏လုပ်ဖော်ဆောင်ဖက်များ ဖြစ်သော ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးနည်းပြများ၊ ကလေးဗဟိုပြုချဉ်းကပ်နည်းပညာရေးဆိုင်ရာ ကျွမ်းကျင်သူများသည် Alice Early Childhood Resource Centre ကို ၂၀၁၃ ခုနှစ် ဇွန်လတွင် စတင်တည်ထောင်ခဲ့ပါသည်။ အစောပိုင်းတွင်အဖွဲ့အစည်း၏အမည်ကို ဆရာမကြီးကို ဂုဏ်ပြုသောအားဖြင့် Alice Early Childhood Resource Centre(AECRC) ဟု အမည်ပေးခဲ့ပါသည်။
AECRC အဖွဲ့ဝင်များသည် Mrs.Alice Mundhenk ၏ အခြေခံမူများကိုကျင့်သုံးလျက် မိမိတို့၏ နှစ်လရှည်ကြာ အတွေ့အကြုံများကို ကလေးပညာရေးကဏ္ဍအမျိုးမျိုးသို့ထပ်မံပံ့ပိုးပေးရန်၊ လိုအပ်နေသောကွက်လပ်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေးဆောင်ရွက်နိုင်ရန်၊ အထူးသဖြင့် အခွင့်အလမ်းအနည်းဆုံးသောဒေသများတွင် လုပ်ဆောင်နိုင်ရန် စိတ်အားထက်သန်ကြပါသည်။
UNICEF နှင့် အခြားသော နည်းပညာအခြေပြု အဖွဲ့အစည်းများ၏ သုတေသနပြုချက်များအရ ဤကဏ္ဍသည် အရင်းအမြစ်များ၊ သင်တန်းဆရာ-ဆရာမများနှင့် ကလေးများအတွက်ရည်ညွှန်းစာအုပ်များ၊ ပညာရပ်ဆိုင်ရာအထောက်အကူပစ္စည်းများ အလွန်နည်းပါးနေကြောင်းတွေ့ရှိရသည်။
AECRC တွင် ဤစိန်ခေါ်မှုကို ဖြေရှင်းနိုင်သည့် ကျွမ်းကျင်မှုအပြင်၊ ကလေးစာအုပ်များထုတ်လုပ်ခြင်း၊ ကစားစရာနှင့် ကုန်ကျစရိတ်သက်သာသော သင်ထောက်ကူနှင့်ကစားပစ္စည်းများဖန်တီးတီထွင်ခြင်း၊ မိဘပညာပေးခြင်း၊ ကလေးဗဟိုပြုပညာရေးဆိုင်ရာ အတွေ့အကြုံများစွာရှိသည့် ကျွမ်းကျင်သူ အဖွဲ့ဝင်များ ရှိပါသည်။ (၂၀၁၅ခုနှစ် တွင်(အဖွဲ့အစည်း၏အမည် AECRC အား အစိုးရအသိအမှတ်ပြုမှတ်ပုံတင်ခြင်းအတွက် လိုအပ်ချက်အရ မြန်မာအမည်ဖြစ်သည့် ပန်းပျိုးလက်ဖောင်ဒေးရှင်း" အမည်ဖြင့် မှတ်ပုံတင်ခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်းကြီးဌာန၊ ပြည်ထောင်စု မှတ်ပုံတင်ရေး အဖွဲ့တွင် အသင်းအဖွဲ့ ဖွဲ့စည်းခွင့် မှတ်ပုံတင် အသင်းအဖွဲ့မှတ်ပုံတင်အမှတ် (ပြည်တွင်း)/ ၀၄၆၃ ဖြင့်၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့မှစ၍ အစိုးရမဟုတ်သော လူမှုအသင်းအဖွဲ့ အဖြစ် အစိုးရအသိအမှတ်ပြု အဖွဲ့အစည်းတစ်ရက် ဖြစ်လာပါသည်။))
Background of PPLF:
● Originally founded as Alice Early Childhood Resource Centre (AECRC) in 2013.
● Renamed Pann Pyoe Lett Foundation, honoring Mrs. Alice Mundhenk, a pioneer in early childhood education in Myanmar.
● AECRC transitioned to PPLF to address gaps in education tools, reference books, and child-centered approaches.
ဖွဲ့စည်းပုံ :
ပန်းပျိုးလက်တွင် ဘုတ်အဖွဲ့နှင့် အကြံပေးအဖွဲ့ရှိသည်။ ဘုတ်အဖွဲ့သည် ပန်းပျိုးလက်၏ အနာဂတ်မျှော်မှန်းချက်နှင့် ခံယူရပ်တည်ချက် မစ်ရှင်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် PPLF ကို ဦးဆောင်သည့် အဓိက အဖွဲ့ဖြစ်သည်။ ၎င်းတို့တွင် မဟာဗျူဟာရေးဆွဲခြင်းနှင့် ဦးတည်ချက်၊ ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ ကြီးကြပ်မှု၊ ဘဏ္ဍာ ရေးလုံခြုံရေး၊ လူသားအရင်းအမြစ်နှင့် အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးအတွက် တာဝန်ယူသည်။ ၎င်းတို့သည် စီမံကိန်း အဆိုပြုလွှာများ ရေးသားရေးတွင် ကူညီပံ့ပိုးပေးခြင်း၊ လုပ်ငန်း အကောင်အထည်ဖော်ရာတွင် လမ်းညွှန်ပေးခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် သင်တန်းများတွင် ပံ့ပိုးကူညီသူအဖြစ် ပါဝင်လုပ်ဆောင်ပေးခြင်းနှင့် ပုဂ္ဂလိကအလှူရှင်များ ရှာဖွေပေးခြင်းများကို တာဝန်ယူပေးသည်။ ဘုတ်အဖွဲ့တွင် အဖွဲ့ဝင် (၇) ဦးရှိပြီး ၂ နှစ် တစ်ကြိမ် သက်တမ်းတိုးပါသည်။ အများစုမှာ ၂၀၁၃ မှစ၍ စေတနာ့ဝန်ထမ်းအနေဖြင့် ပါဝင်ကူညီသည်။ ဒေသဆိုင်ရာ ECCDကွန်ယက်အဖွဲ့ရှိပြီး ကချင်၊ ကယား၊ ကရင်နှင့် ရှမ်းမြောက်တို့မှ အဖွဲ့ဝင်စုစုပေါင်း (၂၀) ဦးရှိပါသည်။
Structure:
● Board and Advisory Board: Provide strategic planning, financial oversight, and legal guidance.
● Regional ECCD network with trainers in Kachin, Kayah, Karen, and North Shan.
Participation:
● Actively involved in National ECCD working groups and partnerships at the township level.
● Created a township ECCD network in Thabaung Township.
ပန်းပျိုးလက်၏ လုပ်ဆောင်ချက်အကျဥ်းချုပ် :
ပန်းပျိုးလက်သည် ၂၀၁၅ ခုနှစ်တွင် ရပ်ရွာအခြေပြု စီမံချက်လုပ်ငန်း (၂)ခုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ကလေးမှ ကလေးသို့ ချဥ်းကပ်နည်း (Child to Child) အစီအစဉ်နှင့် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွဲ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ကျေးရွာ (၅၀)တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
လက်ရှိတွင် ပန်းပျိုးလက်သည် ပြည်တွင်းပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတွင်လုပ်ဆောင်ခြင်း၊ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုကော်မတီအဖွဲ့များအတွက် နည်းပညာပံ့ပိုးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Activities:
· Implemented "Child to Child Approach" in Pekhone Township, funded by Open Society Myanmar.
· Implemented ECCD projects in 50 villages in Thar Baung Township, Ayeyarwaddy Division, funded by Australian Woodside Petroleum Company and PLAN Myanmar.
· Collaborated with the Australian Embassy to bring Parental Education and Play Group programs to 16 IDP camps in Northern Shan State and Kachin State.
· Surveyed the "Impact of Climate Change on vulnerable children and families" in Ayawaddy and Yangon Divisions.
· Collaborated with 38 indigenous organizations for the "Early Literacy and Language Development" program funded by the MASHAV Grant.
· Provides training, support, and consultation on early childhood care and holistic development